Home
မြန်မာသတင်း
စစ်ကိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားစနစ်ဖြင့် ဆန္ဒပြ
DVB
·
April 1, 2021
167560119_2894738140853928_6045780656620684630_n
167420195_2894738347520574_1808497981866903238_n
167298085_2894738284187247_1996358237742801881_n
167247554_2894738177520591_242658394386690832_n
167169874_2894738204187255_3147362742472738559_n
168022311_2894738400853902_1349851436574285823_n
167855763_2894738454187230_2359567825664988171_n
167591299_2894738314187244_5958283765383139048_n

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက် နှိမ်နှင်းမှုတွေအကြားက စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပြောက်ကျားစနစ်နဲ့ ဧပြီ ၁ ရက် မနက်က  လူဦးရေ ၇၀၀ကျော်နဲ့  ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းမြို့မှာရှိတဲ့ စီတီးရပ်ကွက် ဈေးတန်းရပ်ကွက် ပုဂံရပ်ကွက် ဆွမ်းချက်ရပ်ကွက်တို့က  ပြည်သူလူထုတွေနဲ့ ကျောင်းသားကျောင်းသူတွေ စုပေါင်း‌ကာ ကောင်းမှုတော် ဘုရားကြီးအနီး  မှတဆင့် မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ စီတန်းလှည့်လည့်ကာ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြခဲ့ကြပါတယ်။     

စစ်ကိုင်းမြို့မှာ အရင်နေ့တွေကလည်း ဆိုင်ကယ်စီးသပိတ် လမ်းလျှောက်သပိတ်  အရုဏ်ဦးသပိတ် လူမဲ့သပိတ်တွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

စစ်ကိုင်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့ မှာ  ကိုဘော်ဘော် ၃၂နှစ် က ရင်ဘတ်ကျည်ထိမှန်ပြီး ကိုအာကာ ၂၄နှစ် ရဲ့ ဦးခေါင်းကိုလည်း ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းCJ  (Gz)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024