မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ယောဒေသမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ဒေသခံတချို့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရွာသားတချို့ သေဆုံး ဒဏ်ရာရ ဖမ်းဆီးခံ ခဲ့ရပါတယ်။
ဒီကနေ့ မတ်လ ၃၁ ရက်နေ့ ပစ်ခတ်မှုမှာ ပျားရွာသား တစ်ဦး ကျဆုံးကာ တချို့ ဒဏ်ရာရခဲ့ ပြီး ပတောင်ခင်ရန်းရွာက ရွာသား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လူတစ်ချို့ဖမ်းဆီးခံခဲ့ရပါတယ်။
ဒါ့အပြင် ဒီနေ့ ညနေပိုင်းကလည်း ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်း၊ နတ်မြောင်းကျေးရွာဘက်မှာ ထိပ်တိုက်တွေ့ဆုံမှုရှိခဲ့ပြီး ပြည်သူ ၂ ဦး ကျဆုံးခဲ့ပါတယ်။
မတ်လ ၃၀ ရက်နေ့ကလည်း ဂန့်ဂေါ-ကလေးကားလမ်းမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ဒေသခံတချို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် ဟံသာဝတီ၊ နှမ်းခါး၊ အလယ်ရွာတို့မှ ပြည်သူ ၁ ဦးစီ သေနတ်ထိမှန် ကျဆုံးခဲ့ပါတယ်။
အဆိုပါ ပစ်ခတ်မှုမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။