Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်တွင် ပစ်ခတ်မှုများထပ်မံဖြစ်ပွားပြီး ရွာသားအချို့သေဆုံး ဒဏ်ရာရ
DVB
·
March 31, 2021
167222576_1569592809912375_5787632475452816585_n
gg

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ယောဒေသမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ဒေသခံတချို့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရွာသားတချို့ သေဆုံး ဒဏ်ရာရ ဖမ်းဆီးခံ ခဲ့ရပါတယ်။

ဒီကနေ့ မတ်လ ၃၁ ရက်နေ့ ပစ်ခတ်မှုမှာ  ပျားရွာသား တစ်ဦး ကျဆုံးကာ တချို့ ဒဏ်ရာရခဲ့ ပြီး ပတောင်ခင်ရန်းရွာက ရွာသား  ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လူတစ်ချို့ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် ဒီနေ့ ညနေပိုင်းကလည်း ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်း၊ နတ်မြောင်းကျေးရွာဘက်မှာ  ထိပ်တိုက်တွေ့ဆုံမှုရှိခဲ့ပြီး  ပြည်သူ ၂ ဦး ကျဆုံးခဲ့ပါတယ်။ 

မတ်လ ၃၀ ရက်နေ့ကလည်း  ဂန့်ဂေါ-ကလေးကားလမ်းမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ဒေသခံတချို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် ဟံသာဝတီ၊ နှမ်းခါး၊ အလယ်ရွာတို့မှ ပြည်သူ ၁ ဦးစီ  သေနတ်ထိမှန် ကျဆုံးခဲ့ပါတယ်။

အဆိုပါ ပစ်ခတ်မှုမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024