DVB Logo
Home
မြန်မာသတင်း
ရောမမြို့ ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
DVB
·
October 28, 2013
ရောမမြို့ ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
1 / 2
Donate to DVB

အီတလီနိုင်ငံက ချီးမြှင့်တဲ့ ရောမမြို့တော်သူ ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံက ချီးမြှင့်တဲ့ ရောမမြို့တော်သူ ဂုဏ်ထူးဆောင်ဆုကို  အောက်တိုဘာ ၂၄ ရက်နေ့က ကိုယ်တိုင် လက်ခံယူခဲ့ပါတယ်။

ဆုချီးမြှင့်ပွဲအခမ်းအနားကို အီတလီနိုင်ငံ ကာပီတိုလိုင်း ဟီးလ်  (Capitoline Hill) ရှေးဟောင်း မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဒီဆုကို ၁၉၉၄ ခုနှစ်တုန်းက ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရတဲ့အချိန် ဖြစ်နေတဲ့အတွက် ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့တဲ့အတွက် အောက်တိုဘာ ၂၄ ရက်နေ့ကမှ ကိုယ်တိုင် လက်ခံယူခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗာတီကန်မြို့တော်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Francis) နဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။  ပုပ်ရဟန်းမင်းကြီးနဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တဦးလည်း  ဖြစ်ပါတယ်။

အောက်တိုဘာ ၂၉  ရက်နေ့မှာတော့ တူရင်းမြို့ (Turin)နဲ့ ဘိုလော့ဂနာ (Bologna) မြို့တွေမှာ ဂုဏ်ထူးဆောင်ဆုတွေ လက်ခံရယူမှာ ဖြစ်သလို အော်လာမက်နာတက္ကသိုလ် ဘွဲ့နှင်းသဘင်မှာ ဒသာနိကဗေဒဘွဲ့ကိုလည်း လက်ခံယူမှာ ဖြစ်ပါတယ်။

ဒါအပြင် အီတလီနိုင်ငံရဲ့ သမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ကိုလည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့မှာတော့ သူရဲ့ ဥရောပခရီးစဉ် ပြီးဆုံးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013