အာဏာသိမ်းစစ်ကောင်စီမှာ ပါဝင်တဲ့ ချင်းလူမျိုးလေးယောက်ကို မဟာရန်သူအဖြစ် ချင်းလူငယ်တွေက သတ်မှတ်ကြေညာလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြံပေးဖြစ်တဲ့ ငွန်ကျုံးလျန်၊ အဖွဲ့ဝင်ဖြစ်တဲ့ ဦးမောင်းဟာ၊ ချင်းပြည်နယ်စစ်ကောင်စီ ဥက္ကဌ ဦးငွန်ဆန်းအောင်၊ ချင်းပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးကျော်ငြိမ်းတို့ဟာ အကြမ်းဖက်စစ်တပ်က ပေးတဲ့နေရာတွေကို လက်ခံထားတာကြောင့် ချင်းပြည်သူ့သစ္စာဖောက် မဟာရန်သူအဖြစ် သတ်မှတ်လိုက်တာပါ။
အဲဒီ အာဏာရူးလက်ပါးစေတွေကို ရာသက်ပန် ပစ်ပယ်ဆန့်ကျင်သွားမှာဖြစ်ပြီး ချင်းအသိုင်းအဝိုင်းအနေနဲ့လည်း ရှောင်ကြဉ်အပြစ်ပေးကြဖို့ ချင်းလူငယ်တွေက တိုက်တွန်းထားပါတယ်။