DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ ကုမ္ပဏီကြီးတခုက စစ်ကောင်စီပိုင် MEC သို့ ဆိပ်ကမ်းငှားရမ်းခ ဒေါ်လာသန်း ၃၀ ပေးခဲ့
DVB
·
March 31, 2021
အိန္ဒိယ ကုမ္ပဏီကြီးတခုက စစ်ကောင်စီပိုင် MEC သို့ ဆိပ်ကမ်းငှားရမ်းခ ဒေါ်လာသန်း ၃၀ ပေးခဲ့
Donate to DVB

အိန္ဒိယနိုင်ငံရဲ့  နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Adani Group က မြန်မာ စစ်တပ်ပိုင် MEC (Myanmar Economic Corporation)ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ရန်ကုန်ရှိ ဆိပ်ကမ်းတစ်ခုငှားရမ်းခအတွက် အမေရိကန် ဒေါ်လာ သန်း ၃၀ ပေးခဲ့ကြောင်း  ABC သတင်းမှာ ဖော်ပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရရှိတဲ့အထောက်အထားတွေကတဆင့် အဆိုပါသတင်း ပေါက်ကြားလာခဲ့တာလို့ ABC သတင်းမှာ ဖော်ပြပါတယ်။ 

အိန္ဒိယကုမ္ပဏီဘက်ကတော့ သူတို့အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆိပ်ကမ်းငှားရမ်းခနဲ့ ပတ်သက်တဲ့ အပေးအယူမျိုးလုပ်ခြင်းမျိုး မရှိကြောင်း  ကြေညာချက် ထုတ်ပြီး ငြင်းဆိုထားပါတယ်။  

ဒါပေမဲ့ ABC သတင်းဌာနကရရှိထားတဲ့  သတင်းအချက်အလက်တွေ၊ ရုပ်သံဗွီဒီယိုတွေအရ  Adani ကုမ္ပဏီအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် Karan Adani ဟာ ၂၀၁၉ ဇူလိုင်လအတွင်း  မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီကာလမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြားထိပ်ပိုင်းခေါင်းဆောင်တချို့ကို ရိုဟင်ဂျာအရေးနဲ့ တခြားလူမျိုးစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် အမေရိကန်၊ ဗြိတိန် စတဲ့အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု ချမှတ်လိုက်တဲ့ အချိန်လည်းဖြစ်ပါတယ်။ 

ဒီသတင်းနဲ့ ပတ်သက်ပြီး  ACIJ (Australia Center for International Justice)  နဲ့  JFM (Justice for Myanmar)  တို့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်အရမူ MEC က နောက်ထပ် ဒေါ်လာ ၂၂ သန်းဖိုး မြေယာရှင်းလင်းခကို ထပ်မံရရှိဦးမယ်လို့ သိရှိရပါတယ်။

 Adani ဟာ အိန္ဒိယနိုင်ငံ၏ ကုန်သွယ်ရေးလုပ်ငန်းစုကြီးတခု ဖြစ်သလို  Adani Power၊  Adani ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တွေကို တည်ထောင်ထားတဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်း စုကြီးဖြစ်ကြောင်းလည်း သိရပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အမေရီကန်နဲ့ ဗြိတိန်နိုင်ငံတို့က ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့ကလည်း ထပ်မံပိတ်ဆို့အရေးယူ မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခုလို စီးပွားရေးအရ ထပ်မံပိတ်ဆို့ရခြင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့  ပြည်သူလူထုအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013