DVB Logo
Home
သတင်းတို
အခန်း ၁၀၀ ကျော်ပါသည့် ရေပေါ်ဟိုတယ် ဖွင့်မည်
DVB
·
October 28, 2013
Donate to DVB

သင်္ဘောပေါ်မှာ အခန်း ၁၀၄ ခန်းနဲ့ ဖွဲ့စည်းထားတဲ့ ရေပေါ်ဟိုတယ် ၁ ခုကို ဗိုလ်တထောင် ဆိပ်ကမ်းမှာ လာမယ့် ဇန်န၀ါရီလအတွင်း ဖွင့်လှစ်မယ်လို့ စီစဉ်ဆောင်ရွက်နေတဲ့ လှလှပပ ကုမ္ပဏီရဲ့ စီမံကိန်းအင်ဂျင်နီယာ ဦးလင်းဟန်က ပြောပါတယ်။

ဒီ စက်မဲ့သင်္ဘောကို ရေပေါ်ဟိုတယ်လုပ်ဖို့ ဖင်လန်နိုင်ငံက ၀ယ်ယူ သယ်ဆောင်လာတာ ဖြစ်ပြီး မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ၁ သောင်း ၂ ထောင် ရေလုံသင်္ဘောကျင်းမှာ ဟိုတယ် အနေအထား ပြည့်မီအောင် ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။

ရေပေါ်ဟိုတယ် ၂ ယောက်အိပ် အခန်း ၁၀၄ ခန်း၊ ဘားကောင်တာနဲ့ စားသောက်ခန်း ၂ ခန်း ပါမယ်လို့ ဆိုပါတယ်။

ဒီဟိုတယ် ဖွင့်လှစ်ခွင့်ကို ပို့ဆောင်ရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့တာ ဖြစ်ပြီး ရန်ကုန် ဆိပ်ကမ်းနယ်မြေ ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ တစိတ်တပိုင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဟိုတယ်ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ရေပေါ်ဟိုတယ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013