DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်လာသည့် မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းမိ
DVB
·
October 28, 2013
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ မြန်မာဘက်ခြမ်းကနေ  တရားမ၀င် ၀င်ရောက်လာတဲ့ အလုပ်သမား ၂၇ ဦးကို ဖမ်းဆီးရမိတယ်လို့ မာ့တီချွန်းထိုင်းသတင်းမှာ   ဖော်ပြသွားပါတယ်။

အမှတ် ၂၅ ထိုင်းခြေလျင်တပ်ရင်း၊ နယ်စပ်ဒေသ စစ်ဆင်ရေးတပ်ဖွဲ့ ဒုတိယဗျူဟာမှူး ဗိုလ်မှူးကြီး ဦထစ်အနန္ဒနွန်းရဲ့ ပြောပြချက်အရ သူတို့အဖွဲ့ဟာ အဲဒီအလုပ်သမားတွေကို  အောက်တိုဘာ ၂၇ ရက်နေ့က ရနောင်းခရိုင် ကရပူရီမြို့နယ် ခလောင်းလိုတ်ရွာအနီးမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်း ကော့သောင်းမြို့ကနေ ထိုင်းဘက်ကို တရားမ၀င်အလုပ်သမားတွေ တင်သွင်းဖို့ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ စစ်ဆေးရေးဂိတ်တွေမှာ စောင့်ကြပ် စစ်ဆေးရာမှာ ခလောင်းလိုတ်ဂိတ်ကို မရောက်ခင် မသင်္ကာဖွယ် ဟိုင်းလပ်ကား ၄ စီးကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကားမောင်းသမားတွေကို စစ်ဆေးနေတုန်းမှာ ကားပေါ်ပါလာတဲ့သူတွေက အနီးက တောအုပ်ထဲကို ထွက်ပြေးခဲ့ကြောင်း၊  ထိုင်းတပ်ဖွဲ့ဝင်တွေက တောထဲ ၀င်ရောက်ရှာဖွေရာမှာ ၂၇ ဦး ဖမ်းမိခဲ့ပြီး အားလုံး မြန်မာနိုင်ငံက ၀င်လာတာလို့ ဒုတိယဗျူဟာမှူးက သတင်းထောက်ကို ပြောပါတယ်။

လောလောဆယ် ဟိုင်းလပ်ကား ၄ စီး စလုံးကို  ဖမ်းဆီးထားပြီး တောထဲမှာ ထွက်ပြေးလွတ်မြောက်နေသူတွေကိုလည်း တပ်ဖွဲ့အင်အား ဖြည့်တင်းပြီး ဆက်လက် ရှာဖွေနေဆဲပဲလို့ ဒုဗျူဟာမှူးက ပြောကြောင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013