ပဲခူးမြို့ စိန်သာလျောင်းဘုရားမုဒ်ဦးအနီးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့က ပဲခူးမြို့ Hay Man အသေးစားချေးငွေဘဏ်က ဝန်ထမ်း ၁ ယောက်ကို မတ်လ ၃၀ ရက် မနက်ပိုင်းမှာ ပစ်သတ်ခဲ့ပြီး အမျိုးသားဝန်ထမ်း ၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဒီကနေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်လောက်ကလည်း ပဲခူးမြို့ မြွေဘုရားအနီးက ခရိုင်တပ်ဖွဲ့မှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် ရဲမေ ၁ ယောက်သေဆုံးသွားခဲ့ပြီး ရဲ ၄ ယောက် ဒဏ်ရာရှိခဲ့တယ်လို့ ပြောဆိုနေပေမယ့် သေဆုံးထိခိုက်မှုရှိမရှိကို ဒီဗွီဘီက သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။