Home
မြန်မာသတင်း
ပဲခူးမြို့တွင် အကြမ်းဖက်စစ်တပ်က အသေးစားချေးငွေဘဏ် ဝန်ထမ်း၁ ဦးကိုပစ်သတ်
DVB
·
March 30, 2021
165122440_3009757162588784_272429373022099184_n
163627744_3009757149255452_1570597635623967470_n
166986594_3009757139255453_869740218665642866_n

ပဲခူးမြို့ စိန်သာလျောင်းဘုရားမုဒ်ဦးအနီးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့က ပဲခူးမြို့  Hay Man အသေးစားချေးငွေဘဏ်က ဝန်ထမ်း ၁ ယောက်ကို  မတ်လ ၃၀ ရက် မနက်ပိုင်းမှာ ပစ်သတ်ခဲ့ပြီး အမျိုးသားဝန်ထမ်း ၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီကနေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်လောက်ကလည်း  ပဲခူးမြို့ မြွေဘုရားအနီးက ခရိုင်တပ်ဖွဲ့မှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် ရဲမေ ၁ ယောက်သေဆုံးသွားခဲ့ပြီး ရဲ ၄ ယောက် ဒဏ်ရာရှိခဲ့တယ်လို့ ပြောဆိုနေပေမယ့် သေဆုံးထိခိုက်မှုရှိမရှိကို ဒီဗွီဘီက သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024