DVB Logo
Home
မြန်မာသတင်း
ရခိုင် ဒုက္ခသည်စခန်းတွေ စားနပ်ရိက္ခာ ပြတ်လပ်တော့မည်
DVB
·
October 27, 2013
ရခိုင် ဒုက္ခသည်စခန်းတွေ  စားနပ်ရိက္ခာ ပြတ်လပ်တော့မည်
Donate to DVB

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ  စားနပ်ရိက္ခာ ပြတ်လပ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က  သတိပေးလိုက်ပါတယ်။

စားနပ်ရိက္ခာ ပြတ်လပ်တော့မယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ နောက်ထပ် ကူညီထောက်ပံ့ပေးမယ့်သူတွေ လိုအပ်နေတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်ရဲ့ တာဝန်ရှိသူတဦးက  ယခုလို သတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ပေးနေတဲ့ အကူအညီတွေဟာ ဒုက္ခသည်အားလုံးဆီကို ရောက်အောင် သွားနေပါတယ်။ ဒါပေမယ့် ဒီနှစ်ကုန်ရင် လက်ထဲမှာ ရှိနေတဲ့ စားနပ်ရိက္ခာတွေ ကုန်သွားတော့မှာပါ။ ဒါဟာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒီဒုက္ခသည်တွေဟာ မကြာခင် အချိန်ပိုင်းအတွင်းမှာ သူတို့ရဲ့ နေရပ်တွေကို ပြန်နိုင်မယ့်သူတွေလည်း မဟုတ်ပါဘူး။ ပြီးတော့ ရိက္ခာတွေကို ဆက်ပြီး မပေးနိုင်တော့ဘူးဆိုရင် သူတို့တွေဟာ ယခုထက်ပိုပြီး ဆိုးဝါးတဲ့ အခြေအနေကို ရောက်ကုန်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေအတွက် ရိက္ခာတွေ ပြတ်သွားမှာမို့ပါ။”လို့ ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က  ရခိုင်ပြည်နယ်အတွက် စားနပ်ရိက္ခာ ဆက်လက် ကူညီ ထောက်ပံ့ပေးနိုင်ဖို့ နောက်ထပ် ၆ လ ၀န်းကျင်အတွက် အမေရိကန်ဒေါ်လာ ၁၃ သန်း လိုအပ် နေတယ်လို့လည်း ပြောပါတယ်။ အလှူရှင်တွေဆီက ထောက်ပံ့မှုအသစ်တွေ မရရင် ကုလသမဂ္ဂရဲ့ အေဂျင်စီတွေအနေနဲ့ ဒုက္ခသည်တွေကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီအထိသာ ရိက္ခာတွေ ထောက်ပံ့ပေးနိုင်မှာ ဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က သတိပေး ထားပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ စစ်တွေမြို့အနီးက ဗုဒ္ဓဘာသာတွေ နေထိုင်တဲ့ ဒုက္ခသည်စခန်းမှာ လူပေါင်း ၃ ထောင် ရှိပြီး အစ္စလာမ့်ဘာသာဝင်တွေနေထိုင်တဲ့ ဘောဒူဘ စခန်းမှာတော့ လူပေါင်း ၁ သောင်း ၅ ထောင်လောက် ရှိနေပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဒုက္ခသည် စုစုပေါင်း ၁ သိန်း ၄ သောင်း ၂ ထောင်အတွက် နေထိုင်စရာ အဆောက်အဦ၊ ဆန်၊ ဆီနဲ့ ဆား စတာတွေကို ထောက်ပံ့ပေးနေတာ ဖြစ်ပြီး ကလေးသူငယ် ၅၀ ရာခိုင်နှုန်းဟာလည်း ကြီးထွားမှု နှေးကွေးနေတယ်လို့ ခန့်မှန်းထားပါတယ်။

ဒုက္ခသည်တွေအတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေကို ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ၂၀၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၁ သိန်း ၄ သောင်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013