ကချင်ပြည်နယ် ရွှေကူမြို့မှာ မတ်လ ၃၀ ရက်က အကြမ်းဖက်စစ်အုပ်စုက ပို့ချတဲ့ မွန်းမံသင်တန်းကို သွားတက်နေတဲ့ CDMမှာ ပါဝင်ခြင်းမရှိတဲ့ ပညာရေးဝန်ထမ်းတချို့ကို ဒေသခံတွေက သွားရောက်ကန့်ကွက်ခဲ့ကြတယ်။
ဒေသခံတစ်ဦးက "ကျမတို့ မနက်က ကျောင်းရှေ့မှာ ပြည်သူတွေစုပြီး သင်တန်းတက်ဖို့လာတဲ့ ဆရာ/ဆရာမတွေကို သံပုံးတီးပြီး ဆန္ဒပြဖို့သွားတာ ကျောင်းပတ်လည်မှာ စစ်သားတွေရဲတွေက လုံခြုံရေးအပြည့်ယူထားပေးကြတယ် ပြီးတော့ လူနည်းနည်းစုတာနဲ့ လိုက်ဖမ်းပြီဆိုတော့ အစီအစဉ်ပျက်သွားတယ်"လို့ပြောပါတယ်။
ညနေပိုင်းသင်တန်းဆင်းချိန်မှာ ပြည်သူတွေက ကျောင်းအပေါက်ဝကနေ စောင့်ကြည့်ပြီး သင်တန်းတက်တဲ့ဝန်ထမ်းတွေကို စောင့်ကြည့်ပြီးမှတ်တမ်းယူထားကြတယ်လို့သိရပါတယ်
အဆိုပါသင်တန်းတက်တဲ့ဆရာ/ဆရာမ တွေကို ဒေသခံပြည်သူတွေက စာရင်းပြုစုပြီး လူမှုရေး ပြစ်ဒဏ် Social Punishment ပြုလုပ်သွားမယ်လို့သိရပါတယ်။