အမေရိကန်အစိုးရရဲ့ စောင့်ကြည့်ရေး အစီအစဉ်တွေကို ဆန့်ကျင်သူတွေ ဆန္ဒပြ

အမေရိကန်အစိုးရရဲ့ စောင့်ကြည့်ရေး အစီအစဉ်တွေကို ဆန့်ကျင်သူတွေဟာ အောက်တိုဘာ ၂၆ ရက်နေ့က ၀ါရှင်တန်မြို့က ကွန်ဂရက်လွှတ်တော်နားမှာ ချီတက်ဆန္ဒပြခဲ့ ကြပါတယ်။ အစိုးရရဲ့ စောင့်ကြည့်ရေးအစီအစဉ်တွေအကြောင်းကို အမျိုးသားလုံခြုံရေးအေဂျင်စီ ၀န်ထမ်းဟောင်း အက်ဒ၀ပ် စနိုးဒင်းက ဒီနှစ်ထဲမှာပဲ မီဒီယာတွေမှာ ဖွင့်ချလိုက်အပြီး ဟိုးလေးတကျော် ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ “စောင့်ကြည့်တာတွေ ရပ်၊ စနိုးဒင်း ကျေးဇူးတင်တယ်”ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်လာတဲ့ ရာနဲ့ချီ ဆန္ဒပြသူတွေဟာ လွှတ်တော်ရှေ့မှာစုပြီး အမျိုးသားလုံခြုံရေး အေဂျင်စီရဲ့ အွန်လိုင်း စောင့်ကြည့်ရေး အစီအစဉ်တွေကို ကန့်ကွက်ခဲ့ကြပါတယ်။ “ငါတို့ကို စောင့်ကြည့်တာရပ်” လို့ သိကြတဲ့ စုပေါင်းအဖွဲ့က ဒီဆန္ဒပြပွဲကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စုပေါင်းအဖွဲ့ထဲမှာ အမေရိကန်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ တကိုယ်ရေ လွတ်လပ်ခွင့် လှုပ်ရှားတဲ့အဖွဲ့၊ သိမ်းပိုက်ရေး လှုပ်ရှားမှုအဖွဲ့နဲ့ လစ်ဘာတေးဒီးရမ်းပါတီက လူတွေ အပါအ၀င် တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော် ပါဝင်ပါတယ်။ အဲဒီအဖွဲ့ဟာ နိုင်ငံခြားရဲ့ အန္တရာယ်ပေးနိုင်တဲ့အခြေအနေတွေကို စောင့်ကြည့် သတင်းအချက်အလက်စုဆောင်းတဲ့ အမျိုးသားလုံခြုံရေးအေဂျင်စီ(အန်အက်စ်အေ) ရဲ့ လုပ်ငန်းစဉ်တွေကို တရားဝင် ပြန်ပြီး ပြင်ဆင်ဖို့ တောင်းဆိုထားပါတယ်။ အိုဘားမားအစိုးရနဲ့ ဥပဒေပြုသူတွေကတော့ အန်အက်စ်အေဟာ အမေရိကန်နိုင်ငံကို ကာကွယ်ဖို့ အရေးပါတဲ့ဟာ ဖြစ်တယ်လို့ ခုခံပြောဆိုထားပြီး အစီအစဉ်တွေအားလုံးကို လွှတ်တော်နဲ့ တရားရုံးတွေက ကြီးကြပ်နေတာဖြစ်တယ်လို့ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up