ကော့သောင်းမြို့မှာ မတ်လ ၃၀ ရက်နေ့ မ၀က်ပိုင်းက ရွှေဇင်ယော်ရပ်ကွက်က လမ်းတွေပေါ်မှာ ဆန္ဒပြပြည်သူတွေ ပြုလုပ်ထားတဲ့ အတားအဆီးတွေကို အကြမ်းဖက် စစ်တပ်နဲ့ရဲက လာရောက်ရှင်းလင်း ပစ်ခတ်မှုကြောင်း ပြည်သူ ၁ ဦး ကျဆုံးပြီး အချို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကော့သောင်းမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အနေနဲ့ မြို့ထဲမှာ ဆန္ဒပြမယ့် ခံတပ်တွေ ရှိတဲ့ နေရာတွေကို လိုက်လံရှာဖွေကာ လမ်းရှင်းရန် ပြုလုပ်လာရာမှ အခုလို ပြည်သူ ၁ ဦး သေနတ်နဲ့ ပစ်ခံရတာလို့ ဒေသခံတွေကပြောပါတယ်။
သေဆုံးသူမှာ ရွှေဇင်ယော် ရပ်ကွက်မှာနေထိုင်သူ အသက် ၂၂ နှစ်ရှိ ကိုကျော်သူရ ဆိုသူဖြစ်ပါတယ်။
ကော့သောင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ရဲက ပစ်ခတ်တာကြောင့် ဒီနေ့အထိ ကျဆုံးသူ ၆ ဦးနဲ့ ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရှိရပါတယ်။