ကေအိုင်အေ တပ်စခန်း ၃ ခုကိုအကြမ်းဖက် စစ်ကောင်စီရဲ့လေတပ်က ဂျက်လေယာဉ်ဖြင့် တိုက်

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်က KIA တပ်စခန်း ၃ ခုကို မတ်လ ၂၉ ရက် ညနေပိုင်းမှာ ဂျက်လေယာဉ်နဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေ အရာရှ်ိတစ်ဦးထံက သိရပါတယ်

မမေ့ ည‌‌နေ ၄ နာရီခွဲမှာ KIA တပ်မဟာ ၂ လက်အောက်တပ်ရင်း ၁၄ ဌာနချုပ်တပ်စခန်းကို လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ၅ နာရီ ၅၅ မိနစ်မှာ ယခင် တပ်ရင်း ၁၁ တပ်စခန်းဟောင်းနေရာနဲ့ ၆ နာရီအချိန် တပ်ရင်း ၁၁ တည်ရာ တောင်ကုန်းစခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုမှာ KIA ဘက်က တစ်စုံတစ်ရာ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up