မူဆယ်တွင် အပြင်မထွက်ရအမိန့်ထုတ်၊ ဆန္ဒပြသူ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ဖွဲ့ ဝင်တွေက ဆန္ဒပြသူတွေကို  လိုက်လံဖမ်းဆီ းရာမှာ အနည်းဆုံး ပြည်သူ ၁၂ ဦးဖမ်းဆီးခံထားရပါတယ်။ 

ပြောက်ကျားပုံစံနဲ့ ဆန္ဒပြနေသူတွေ လိုက်လံဖမ်းဆီးခဲ့ကြောင်း ၊ မူဆယ်တောင်ရပ်ကွက်က ဆန္ဒပြသူ အနည်းဆုံး ၁၂ ယောက်လောက် ပါသွားတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“း သပိတ်မှောက်တဲ့လူတွေ လိုက်ဖမ်းတာ၊ မူဆယ်တောင်ရပ်ကွက်ထဲက ပြောက်ကျားသပိတ်အဖွဲ့ထဲကို အသံဗုံးနဲ့ ပစ် ည့်တယ်၊ ပြီးတော့ ကျည်အစစ်ပါတဲ့ သေနတ်နဲ့ ပစ်ထည့်တယ်၊ အဲဒါကြောင့် ဆန္ဒပြတဲ့လူတွေထွ က်ပြေးတာ ကမ္ဘောဇဘဏ်လမ်းကြားထဲမှာ သူတို့ကိုဖမ်းမိသွားတယ်၊ ၁၂ ယောက် မိန်းကလေး ၄ ယောက်ပါတယ်လို့ သိရတယ်ခင်ဗျ    ”

မူဆယ်က ပြောက်ကျားဆန္ဒပြသူ နောက်တစုဟာ ဟိုမွန်ရပ်ကွက် ၄၅ ကုန်း လမ်းသွယ် ၉ ဘက်မှာ ရောက်ရှိနေပြီး ကိုယ်ထူကိုယ်ထ လုပ်ထားတဲ့ အကာအရံတွေနောက်ကနေ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ပစ်ခတ်မှုကို   တတ်နိုင်သလောက် ပြန်ပြီးခုခံကာကွယ်နေကြ တယ်လို့ ဆိုပါတယ်။ 

“ သူတို့ပစ်နေတုန်းဘဲ ( ညနေ ၂ နာရီခွဲထိ ) ၊ အသံဗုံးနဲ့လည်းပစ်တယ်၊ ရာ ဘာကျည်လည်းပါတယ်၊ တကယ့်ကျည်အစစ်လည်းပါတယ်။ ဆန္ဒပြသူဘက်က ဘာရှိမလဲ၊ လေးဂွတွေ ဓားတွေ၊ တုတ်တွေတော့ ကိုင်ထားကြတာပေါ့၊ အတင်းတိုးဝင်လာရင် နိုင်သလောက်ပြန်ချဖို့ ဘဲရှိတာပေါ့” 

ဒါ့အပြင် မူဆယ်မြို့ ကံ့ကော်လမ်းနားမှာလည်း နောက်ထပ်ပြောက်ကျားသပိတ်တဖွဲ့က  အကြမ်းဖက်လုံခြုံရေးအဖွဲ့ကို ခုခံကာကွယ်နေတယ်လို့ ဆိုပါတယ်။ 

တဘက်မှာလည်း လိုက်လံဖမ်းဆီးတာတွေရှိနေတယ်လို့ သတင်းရပြီး နောက်ထပ်ဘ ယ်နှစ်ယောက်ပါသွားလဲဆိုတာ မသိရကြောင်း ၊ ဒီကနေ့ မူဆယ်တမြို့လုံး ခြောက်ကပ်နေပြီး ဗုံးသံသေနတ်သံတွေဘဲ တချက်တချက်ကြားနေရတယ်လို့ ဒေသခံက ပြောသွားပါတယ်။ 

ရှမ်းသံတော်ဆင့်သတင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းထားတဲ့လူတွေကို မီးရှို့ပစ်မ ယ်လို့ ခြိမ်းခြောက်တာကြောင့် လူထုက ခရိုင်လဝကရုံးကို သွားရောက်ဖျက်ဆီးကာ ရုံးရှေ့မှာ မီးရှို့ပြခဲ့ကြောင်း ၊ အထဲကစာရွက်စာတမ်းတွေတော့ ဖျက်ဆီးတာမရှိဘဲ ဖမ်းထားသူတွေပြန်လွှ တ်ပေးဖို့၊ လွှတ်မပေးရန် တန်ပြန်မှုအရှိန်မြှင့်မယ်လို့ လူထုကပြောကြောင်း ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up