Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ဆန္ဒပြပွဲသတင်းယူနေသည့် သတင်းထောက် ၂ ဦး ဖမ်းဆီးခံရ
DVB
·
March 29, 2021

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ မတ်လ ၂၉ ရက်မနက်က  သပိတ်စစ်ကြောင်းကို သတင်းလိုက်ယူနေတဲ့ သတင်းထောက် ၂ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် သပိတ်စစ်ကြောင်းခံတပ် ဖြိုခွင်းခံရပြီး မြစ်ကြီးနား အခြေစိုက် သတင်းထောက် ၂ ဦးလည်း ဖမ်းဆီးခံရကြောင်းမျက်မြင်သက်သေတွေက ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သတင်း‌ထောက်သူတွေက မြစ်ကြီးနားအခြေစိုက် Kachin Waves သတင်းဌာနမှ အမျိုးသား သတင်းထောက်တစ်ဦးနဲ့ 74 Media မှ အမျိုးသမီး သတင်းထောက် အမျိုးသမီးတစ်ဦး တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒီမနက် မြစ်ကြီးနား ​​အေး​စေတီ သပိတ်မှာ သတင်းလိုက်ရင်းဖမ်းဆီးခံရတာလို့  KACHIN WAVES  သတင်းဌာနက  အတည်ပြုထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024