ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် မတ်လ ၂၈ ရက်နေ့ ညပိုင်း ရဲနဲ့ စစ်တပ်က ရပ်ကွက်လမ်းတွေထဲဝင်ပြီး ပြည်သူတွေကို သေနတ်တွေနဲ့ လိုက်လံ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
စကားဝါ၊ မင်းကြီးလမ်း၊ ကိုးသောင်း၊ ရာမည စတဲ့ ရပ်ကွက်တွေနဲ့ လမ်းတွေကို မီးပိတ်ပြီး ဝင်ပစ်နေပြီ ဘန့်ဘွေးကုန်းခံတပ်ကိုလည်း လာရောက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
" ဒီကိုတော့ ၁၀ ချက်လောက်လာပစ်သွားတယ်။ ခဏနေတော့ ပြန်သွားတယ်။ ကျန်တဲ့ ရပ်ကွက်တွေကိုလည်း လိုက်ပစ်နေတယ်။ မီးတွေဖြတ်ပြီးတော့ သူပုန်ဝင်စီးသလို ပစ်နေတာ''လို့ ခံတပ်မှာရောက်နေတဲ့ လူငယ်တစ်ဦးက DVB ကိုပြောပါတယ်။
တချို့ရပ်ကွက်တွေမှာ ညသပိတ်လုပ်တာနဲ့ ဆုတောင်းပွဲလုပ်တာ တွေရှိပေမယ့် ခုက ရပ်ကွက်တွေတိုင်းလိုလိုကို မီးဖြတ်ပြီး သေနတ်နဲ့ဝင်ပစ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
ပုသိမ်မြို့မှာ မတ်လ ၂၇ ရက်နေ့က ရဲနဲ့စစ်တပ်ပစ်ခတ်မှုကြောင့် အမျိုးသား ၄ ဦးသေဆုံးခဲ့ပါတယ်။