Home
မြန်မာသတင်း
ပုသိမ်တွင် ညပိုင်း အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်ထဲ သူပုန်စီးသလို သေနတ် ဝင်ရောက်ပစ်ခတ်နေ
DVB
·
March 28, 2021
166555487_1077112292773113_4574117500682334196_o
165602445_1077112362773106_6448321056583875568_o
164690124_1077112046106471_237587912342423840_o
164495850_1077111886106487_2861602154190578625_o
164161839_1077111986106477_9046385216354343863_o
163532951_1077111932773149_1427039169172263711_o
166555487_1077112292773113_4574117500682334196_o

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်  မတ်လ ၂၈ ရက်နေ့ ညပိုင်း ရဲနဲ့ စစ်တပ်က ရပ်ကွက်လမ်းတွေထဲဝင်ပြီး ပြည်သူတွေကို သေနတ်တွေနဲ့ လိုက်လံ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

စကားဝါ၊ မင်းကြီးလမ်း၊ ကိုးသောင်း၊ ရာမည စတဲ့ ရပ်ကွက်တွေနဲ့ လမ်းတွေကို မီးပိတ်ပြီး ဝင်ပစ်နေပြီ ဘန့်ဘွေးကုန်းခံတပ်ကိုလည်း လာရောက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

" ဒီကိုတော့ ၁၀ ချက်လောက်လာပစ်သွားတယ်။ ခဏနေတော့ ပြန်သွားတယ်။ ကျန်တဲ့ ရပ်ကွက်တွေကိုလည်း လိုက်ပစ်နေတယ်။ မီးတွေဖြတ်ပြီးတော့ သူပုန်ဝင်စီးသလို ပစ်နေတာ''လို့ ခံတပ်မှာရောက်နေတဲ့ လူငယ်တစ်ဦးက DVB ကိုပြောပါတယ်။

တချို့ရပ်ကွက်တွေမှာ ညသပိတ်လုပ်တာနဲ့ ဆုတောင်းပွဲလုပ်တာ တွေရှိပေမယ့် ခုက ရပ်ကွက်တွေတိုင်းလိုလိုကို မီးဖြတ်ပြီး သေနတ်နဲ့ဝင်ပစ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

ပုသိမ်မြို့မှာ မတ်လ ၂၇ ရက်နေ့က ရဲနဲ့စစ်တပ်ပစ်ခတ်မှုကြောင့် အမျိုးသား ၄ ဦးသေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024