Home
မြန်မာသတင်း
ကလေးမြို့၌ စစ်တပ်က တိုက်ပွဲသုံးလက်နက်များဖြင့်ပစ်ခတ် ပြည်သူ ၄ ဦးကျဆုံး၊ အများအပြား ဒဏ်ရာရ
DVB
·
March 28, 2021
calay7
calay6
calay5
calau4
calay2
calay3
calay
kalay 55
Kakay2
Kakay 44
Kakay 44

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ညနေ ၃ နာရီလောက်ကတည်းက တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်မှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ဒေသခံတွေ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပြည်သူ‌ ၄ ဦး ကျဆုံးခဲ့ပါတယ်။

စစ်ကောင်စီအကြမ်းဖက်တပ်တွေက စက်သေနတ်တွေအပါအဝင် တိုက်ပွဲသုံးတခြားလက်နက်တွေကိုပါ အသုံးပြုပြီး အကြမ်းဖက်တာတွေ ပြုလုပ်ခဲ့လို့ စစ်မြေပြင်သဖွယ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄၀ ထက် မနည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေ၊ စနိုက်ပါတွေ၊ RPG လောင်ချာတွေ သုံးပြီးတိုက်ခိုက်နေတာကြောင့် တာဟန်းပင်မ ခံတပ်ခုခံနေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ရဲ့ အနောက်ဘက်တာဟန်းသပိတ်ကို အကြမ်းဖက်စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ  ကလေးမြို့အခြေစိုက် Women for Justice (WJ) အဖွဲ့ဒါရိုက်တာ မအားခူရင်ဘတ်ကျည်ထိမှန်ကာ နီးစပ်ရာဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်  အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ကျည်ထိမှန် သေဆုံးခဲ့ကြတာဖြစ်ပြီး သေဆုံးသူကတော့  မအားခူ၊ ​​မောင်ဆန်းသဲ၊ မောင်သားချစ်နဲ့ ကိုထန်ဟောမ်လျန်းတို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ လက်နက်အင်အား အသာစီးရယူထားတဲ့ စစ်ကောင်စီအကြမ်းဖက်တပ်က ပြည်သူတွေ ခံတပ်ပြုလုပ်ရာနေကာကို သွားရောက် ရှင်းလင်းပြီး မြို့ဘက်ပြန်လှည့်သွားကာ လတ်တလောမှာတော့ ပုံမှန်ကင်းလှည့်နေတာ  တွေ့ရတယ်လို့ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024