Home
မြန်မာသတင်း
တောင်ဒဂုံတွင် အကြမ်းဖက်စစ်တပ်က ပစ်ခတ်မှုကြောင့် အနည်းဆုံး ၃ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရ
DVB
·
March 28, 2021
166182124_4026527704129320_7661802037728596331_n
166146991_4026527614129329_2323955396235710894_n
165541290_4026527177462706_5439719646958343997_n
165488908_4026527547462669_2371973100805823717_n
165277398_4026527414129349_422187263668606956_n
165260350_4026527300796027_2667423209675852965_o

ဒီနေ့ ရန်ကုန် တောင်ဒဂုံမှာ စစ်တပ်က ပစ်ခတ်လို့ အနည်းဆုံး ၃ ယောက်ကျဆုံးပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဧရာဝတီဘဏ်ဝန်ထမ်း မခိုင်ဇာသွယ်က ၁၉ ရပ်ကွက်မှာ မနက်က မျက်လုံးကို ပစ်ခံရတာပါ။ လည်ပင်းထိတဲ့အကိုက ညနေ ၄ နာရီကျော်မှာ ၇၀ ရပ်ကွက် ကျန်စစ်သားလမ်းမှာ ပစ်ခံရတာပါ။ သူက ၇၁ ရပ်ကွက် မင်းရဲကျော်စွာ ၂ လမ်းမှာနေပါတယ်။ ကလေး ၃ ယောက်နဲ့ မိန်းမရှိပါတယ်။ နောက်တယောက်အကြောင်းကတော့ မသိရသေးပါဘူး" လို့ ဒေသခံတယောက်က ပြောပါတယ်။

တောင်ဒဂုံမှာ ဝိုင်ဖိုင် အင်တာနက်ကြိုးတွေ ဖြတ်ခံထားရလို့ ဆက်သွယ်ရ ခက်ခဲနေပြီး သေဆုံးသူဟာ ဒါထက်မက များနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

နောက်ထပ် သိရသလောက် ၁၉ ရပ်ကွက်မှာ အမျိုးသားတယောက် ပေါင်ကို ရာဘာကျည်ထိ၊  လှော်ကားလမ်းမပေါ် မှာ အမျိူးသားတယောက် ပေါင်ကို ကျည်အစစ်ထိ၊ ၅၆ ရပ်ကွက်မှာ အမျိုးသားတယောက် ရင်ဘတ်ကျည်အစစ်ထိတယ်လို့ သိရပြီး ဒဏ်ရာရသူတွေ ရှိသေးတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရပြီး ဖမ်းဆီးခံရသူတွေနဲ့ တခြား ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024