Home
မြန်မာသတင်း
ပုသိမ်တွင် အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်ထဲ သေနတ်ဖြင့် လိုက်ပစ်
DVB
·
March 28, 2021
165869889_1077038442780498_509516552258930385_n
165167622_1077038472780495_5548731442039224762_n
164909248_1077038639447145_4187506746396819190_o
164753717_1077038379447171_1379857960938000297_n
164513488_1077038576113818_4387035671116603969_n
164296490_1077038406113835_259270470815805800_n
164140876_1077038512780491_7078587020428942291_n
164121979_1077038606113815_7916872768802285363_o
163952566_1077038539447155_2689141584088699940_n
1

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက စတင်ကာ အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်ထဲက လမ်းအတားဆီးတွေကို ဖယ်ပြီး သေနတ်နဲ့လိုက်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ အကြမ်းဖက်စစ်အုပ်စု ဝင်လာမရအောင် အတားဆီးလုပ်ထားတာကြောင့် အတားအဆီးမရှိတဲ့ဘက်က လှည့်ဝင်ပြီး သေနတ်တွေနဲ့ လိုက်ပစ်ခဲ့တာလို့ မျက်မြင်တွေ့သူတွေက ဒီဗွီဘီကိုပြောပါတယ်။
" မနေ့က ကျဆုံးသူတွေရှိတော့ ဒီနေ့ အတားဆီတွေသေချာလုပ် ကြတယ် ခံတပ်ပုံစံပေါ့ အဲ့လမ်းကို ဝင်လိုမရတော့ တခြားရပ်ကွက်ကပတ်ဝင်တာ အဲ့မှာထပ်ပြီး ပြည်သူတွေကို တွေ့ရင် သေနတ်နဲ့ လိုက်ပစ်တာ''လို့ ပြောပါတယ်။
ပုသိမ်မြို့က ဘန့်ဘွေးကုန်းမှာ ခံတပ်အခိုင်အမာပြုလုပ်ထားလို့ ဘေးရပ်ကွက်တွေဖြစ်တဲ့ ကျောက်ငူ၊ ရာမည၊ ကုသိနာရုံစတဲ့ ဘက်တွေကနေ ဝင်ရောက်ဖို့လုပ်ရင် သေနတ်အချက် ၅၀ ကျော်ပစ်ဖောက်တာ ကြားရတယ်လို့ ဆိုပါတယ်။
မတ်လ ၂၇ ရက်နေ့က ပုသိမ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသား ၂ ဦး၊ အသက် ၃၁ နှစ်အရွယ်အမျိုးသား ၁ ဦးနဲ့ ၃၆ နှစ်အရွယ် အမျိုးသား ၁ ဦးကျဆုံးခဲ့ပါတယ်။
ပုသိမ်မြို့မှာ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင် ရေး ဆန္ဒပြခဲ့လို့ ဖြိုခွင်းခံရတာ ၉ ကြိမ်ရှိပြီး မတ်လ ၂၈ ရက်နေ့ ထိ သေဆုံးသူ ၆ ဦးရှိလာခဲ့ပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024