ရန်ကုန် သာကေတမြို့နယ် ခိုင်ရွှေဝါသပိတ်ကို မတ်လ ၂၈ ရက် နေ့လယ်လောက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ကာ ရာဘာကျည် အပြင် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ် ပိတ်ဆို့ဖြိုခွင်းခဲ့ပါတယ်
အဲ့လိုဖြိုခွင်းရာမှာ ကျည်အစစ်ထိမှန်သူ ၂ ဦး နဲ့ ရာဘာကျည်ထိမှန်သူ ၂ ဦး ရှိခဲ့ကြပြီး ဖမ်းဆီးခံရသူ ၆ ဦးရှိတယ်လို့ ဆန္ဒဖော်ထုတ်သူတွေဆီက သိရပါတယ်။
သာကေတမြို့နယ် ခိုင်ရွှေဝါမှာ စစ်တပ်က နေရော ညပါ ဝင်ရောက်ပစ်ခတ်မှုတွေရှိနေပေမယ့် ခိုင်ရွှေဝါသပိတ်စစ်ကြောင်းအပြင် သာကေတမြို့နယ်ထဲက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တခြားသပိတ်စစ်ကြောင်းတွေလည်း ဆက်လက် အားကောင်းနေဆဲ ဖြစ်ပါတယ်။
Photo…. Credit