စစ်တပ်၏ ပစ်ခတ်မှုကြောင့်သေဆုံးသွားသည့် အသက် ၁၁ နှစ်အရွယ် သမီးငယ်လေးရဲ့ ဈာပန
DVB
·
March 28, 2021
မွန်ပြည်နယ်၊ မော်လမြိုင်မှာ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲတဲ့ အသက် ၁၁ နှစ်အရွယ် မအေးမြတ်သူရဲ့ ဈာပနကို မတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ပိန္နဲကုန်း သုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။
သမီးငယ် မအေးမြတ်သူဟာ မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက နေအိမ်မှာ ကစားနေစဉ် အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေနတ်ဦးခေါင်း ထိမှန် သေဆုံးခဲ့တာပါ။
သမီးငယ် မအေးမြတ်သူဟာ မော်လမြိုင် အထက-သုခ၀တီမှာ ပညာသင်ကြားနေသူ တစ်ဦး ဖြစ်ပါတယ်။