ပဲခူးမြို့မှာ ဒီကနေ့ မတ်လ ၂၈ ရက်က ဗကသကျောင်းသား ကိုသဲမောင်မောင်ရဲ့ ဈာပနကျင်းပရာမှာ နာရေးလိုက်ပါပို့ဆောင်သူတွေကို စစ်တပ်နဲ့ရဲက လိုက်လံပစ်ခတ်လို့ ထွက်ပြေးခဲ့ကြရသလို ဖမ်းဆီးခံရသူတွေ ၄၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။
ဘုရားကြီး မွတ်စလင်သုသာန်မှာ လုပ်နေတဲ့ ဈာပနကို ပဲခူး ဗကသနဲ့ နွေဦးတော်လှန်ရေး စစ်ကြောင်းတွေ တက်ရောက်ဂုဏ်ပြုနေချိန်မှာ စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်က အလစ်ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်တာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးမှာ မတ်လ ၂၇ ရက်နေ့က စစ်တပ်က ပစ်ခတ်လို့ ကိုသဲမောင်မောင်ရဲ့ ကျောမှာ သေနတ်ဒဏ်ရာရပြီး ဒီမနက် အစောပိုင်းက ကျဆုံးခဲ့တာပါ။
ဒါ့အပြင် ဒီနေ့ခင်း ၂ နာရီလောက်ကလည်း ပဲခူး မဂ္ဂတစ်လမ်းကိုလည်း စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက မှော်ကန်ဘက်လမ်းတွေဘက်ကနေဝင်လာပြီး မြင်သမျှ တွေ့သမျှကို ပစ်ခတ်နေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။