Home
မြန်မာသတင်း
မန္တလေးတွင် ဖက်ဆစ်တော်လှန်ရေးနေ့က အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် ၁၃ ဦးကျဆုံး
DVB
·
March 28, 2021
163930750_1419558181742274_9142584172845379862_n

မန္တလေးမြို့မှာ မတ်လ ၂၇ ရက်နေ့၊ ဖက်ဆစ်တော်လှန်ရေးနေ့က အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ကျဆုံးသူ ၁၃ ဦးရှိတယ်လို့ လူမှု ကူညီရေး အသင်းတွေဆီက သိရပါတယ်။

ကိုဇော်မင်းသန့် (၁၉ နှစ်) နဖူးကျည်ထိ၊ ကိုကျော်သူရ (၄၂ နှစ်) ရင်ညွန့်ကျည်ထိ၊ လင်းလင်းထွန်း (၃၉ နှစ်) လည်ပင်းကျည်ထိ၊ မောင်မင်းဦး (၃၉ နှစ်) နဖူးကျည်ထိ၊ ကိုထက်မြက်ကျော် (၂၈ နှစ်) ရင်ညွန့်ကျည်ထိ၊ ဦးမျိုးသက် ဆီးအိမ် တင်ပါးကျည်ထိ၊ ကိုကျော်လင်းထွန်း (၂၇ နှစ်) ခေါင်းပွင့်၊ ကို ဖြိုးသူအောင် (၁၈ နှစ်) နှလုံးထိ၊ ဦးမင်းဦး (၃၉ နှစ်) ဦးခေါင်းပွင့်၊ ကိုမောင်မောင် (၂၅ နှစ်) ခေါင်းနောက်စေ့၊ ကိုကျော်ဝင်းမောင် (၃၁ နှစ်) နဖူးရင်ညွန့်၊ ကိုရာဇာလင်း (၃၆ နှစ်) ဆီးအိမ်၊ ကိုနိုင်နိုင်း (၁၈ နှစ်) ရင်ညွန့် ကျည်ထိပြီး ကျဆုံးခဲ့ကြတယ်လို့ သိရပါတယ်။

အတည်ပြုနိုင်သူတွေအပြင် အတည်မပြုနိုင်သေးသူတွေလည်း ရှိနေပြီး ၁၅ ယောက်ထက် မနည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိပြီး လူမှုကူညီရေး အသင်းတွေက ကယ်ဆယ် ကုသပေးခဲ့ရသူ ၅၂ ဦးအထိ ရှိခဲ့ပြီး ပိုများနိုင်တယ်လို့ ဆက်လက် သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024