မုံရွာမြို့တွင် အကြမ်းဖက်စစ်တပ်၏ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထပ်မံကျဆုံး
DVB
·
March 28, 2021
စစ်ကိုင်းတိုင်း မုံရွာမြို့ ပေ ၈၀ လမ်းထိပ်မှာ မတ် ၂၇ ရက် ညနေ ၄ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့လို့ ဆားလင်းကြီးမြို့နယ်က ပြည်သူ ၁ ယောက် ကျည်ဆန်ထိမှန် ကျဆုံးခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်၊ အိုးဘိုကျေးရွာဇာတိ အသက် ၃၃ နှစ်အရွယ် ကိုထွန်းဦးဟာ ဝမ်းဗိုက် ကျည်ထိမှန်ကျဆုံးခဲ့တာဖြစ်ပြီး မနက်ဖြန် သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။