ရွှေဘိုမြို့တွင် စစ်တပ်၏ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးကျဆုံး၊ ၅ ဦးဒဏ်ရာရ
DVB
·
March 28, 2021
ရွှေဘိုမြို့မှာ မတ်လ ၂၇ ရက်က ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ်လို့ ပြည်သူ ၃ ယောက် ကျဆုံးခဲ့တယ်လို့ ကနဦးသိရပါတယ်။ တယောက်က ခေါင်းကို ကျည်ဆန် ထိမှန်ပြီး နောက်တယောက်ကတော့ ပါးစပ်နဲ့ မေးရိုးထိမှန်ကျဆုံးခဲ့သလို ၁၃ နှစ်အရွယ် ကလေးတယောက်လည်း ကျည်ထိ ကျဆုံးခဲ့ပါတယ်။ ဒါ့အပြင် ၅ ယောက် ဒဏ်ရာရထားတယ်လို့ သိရပါတယ်။