မွန်ပြည်နယ် မော်လမြိုင်မှာ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့ ည ၉ နာရီလောက်မှာ ကျဉ်ဆံ ဆီးခုံကို ထိမှန်ထားတဲ့ အမျိုးသား ၁ ဦး ထပ်မံ ကျဆုံးခဲ့ပါတယ်။
ကျဆုံးသွားတဲ့ အမျိုးသားဟာ အကြမ်းဖက် စစ်ကောင်စီကို ဒိုင်းဝန်ကွင်းရပ်မှာ ဆန္ဒထုတ်ဖော်နေစဉ် သေနတ် ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
မော်လမြိုင်မှာတော့ မတ်လ ၂၇ ရက်နေ့ တစ်ရက်တည်းမှာပဲအသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် သေဆုံးသူ ၃ ဦးထိ ရှိလာခဲ့တာပါ။
မွန်ပြည်နယ်အနေနဲ့ မော်လမြိုင် ၃ ဦး၊ ကျိုက်ထို ၁ ဦး၊ စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပါတယ်။ ကျဆုံးသူ ၄ ဦးမှာတော့ ၂ ဦး ဟာ သေနတ် ဦးခေါင်း ပစ်ခတ်ခံရလို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။