ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ သန်း ၁၀၀ ကျော် လိုအပ်
DVB
·
October 25, 2013
လူမျိုးရေးနဲ့ ဘာသာရေးအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၁ သိန်းကျော် ရှိနေတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လိုအပ်ငွေ ၁၀၉ သန်းအနက် ၇၃ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၇၉ သန်းကျော် ရရှိသုံးစွဲနေတယ်လို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့က လုပ်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံတခု ပေါ်ပေါက်လာရေး ဆွေးနွေးတဲ့ ဆွေးနွေးပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ဒီငွေတွေကို ကုလသမဂ္ဂ၊ အိုင်အန်ဂျီအိုနဲ့ ပြည်တွင်းအန်ဂျီအိုအဖွဲ့ပေါင်း ၁၉ ဖွဲ့ကနေစားနပ်ရိက္ခာ ထောက်ပံ့ရေးအပါအ၀င် စီမံချက် ၁၀၉ ခုအတွက် သုံးစွဲထားတယ်လို့ ဆိုပါတယ်။
လက်ရှိ အချိန်ထိ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်အများစုဟာ ကိုယ့်နေရပ်ကိုယ် ပြန်နိုင်ခြင်း
မရှိသေးပဲ ဒုက္ခသည်စခန်းတွေမှာပဲ နေထိုင်နေရတုန်း ရှိပါသေးတယ်။