စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ငါးထပ်ကြီး ဘုရားအနီး မတ်လ ၂၇ ရက် မနက် ၁၁ နာရီလောက်က စစ်တပ်ရဲ့ အကြမ်းဖတ်ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးကျဆုံးပြီး အမျိုးသမီး ၁ ဦးအပါအဝင် အနည်းဆုံး ၂ ဦး ဒဏ်ရာရသွားပါတယ်။
ယောက်ျားလေး တစ်ယောက်က ကျည်ဆန်ထိမှန်တာကြောင့် မျက်လုံးကျွတ်ထွက်သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသွားတဲ့ မိန်းကလေးအခြေအနေကတော့ မသိရသေးပါဘူး။
မနက် ၁၁ နာရီကျော်လောက်မှာ နောက်ထပ်အမျိုးသား တစ်ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းဆေးရုံအနီး ရိုးလမ်းမှာ မွန်းလွဲပိုင်းအထိပစ်ခတ်နေဆဲ ဖြစ်လို့ ထိခိုက် ဒဏ်ရာရသူတွေ ပိုများလာနိုင်တယ်လို့ဒေသခံ တဦးက ဒီဗွီဘီကို သတင်းပေးထားပါတယ်။