Home
မြန်မာသတင်း
ပြင်ဦးလွင်မြို့၌ စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးထက်မနည်းကျဆုံး
DVB
·
March 27, 2021
Untitled22
Untitled2
Untitled
165703278_2051205615035081_3969587465359185808_n
165663271_2051205591701750_2261569329296237750_n
165508252_2051205641701745_3181113676422642917_n
165453233_2051205531701756_7505678618725220806_n
165361697_2051205505035092_1740674516698937152_n
Untitled

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ မတ်လ ၂၇ ရက် မနက် ၈နာရီကျော်လောက်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့တပ်တွေက လက်နက်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြပြည်သူ ၅ ဦး ကျည်ထိမှန်ကျဆုံးခဲ့ပြီး  ၈ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လတ်တလော သတင်းများအရ ခေါင်းနဲ့ လည်ပင်းတွေကို ကျည်ဆန်ထိမှန်ပြီး ပြည်သူ ၅ ဦး ကျဆုံးသွားကြောင်း သိရပြီး  တစ်ချို့ကိုတော့ နာရေးကူညီမှုအသင်းကားနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင်အလောင်းကောက်လို့မရသေးတာတွေ ရှိသလို ဆေးရုံသို့ ပို့ဆောင်လို့ မရသေးတဲ့ လူနာတစ်ချို့လည်း ရှိနေသေးတယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့တွင် မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းက သပိတ်စစ်ကြောင်း ၂ခုခွဲပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မြို့သစ်ချယ်ရီလမ်းဘက်မှာ သပိတ်စစ်ကြောင်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းပြီးနောက် ဆန္ဒပြပြည်သူတွေကို  ဖမ်းဆီးခဲ့တဲ့အပြင် ချယ်ရီဖုန်းဆိုင်ကိုလည်း ဖျက်ဆီးကာ ဖုန်းတွေလည်း ယူဆောင်သွားတယ်လို့ မျက်မြင်သက်သေတွေပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024