မြန်မာတွင် ရင်းနှီးမြုပ်နှံလုပ်ကိုင်နေသည့် ထိုင်းလုပ်ငန်း ၁၀၀ ကျော် ၆ လအတွင်း ရပ်ဆိုင်းဖွယ်ရှိ

မြန်မာနိုင်ငံမှာ  စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နိုင်ငံတွင်း လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်နေကြတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းငယ်ပေါင်း ၁၀၀ ကျော် အကြီးအကျယ် ထိခိုက်ခဲ့ပြီး ၆ လအတွင်းမှာ ရပ်ဆိုင်းသွားဖွယ်ရှိတယ်လို့ ထိုင်း -မြန်မာစီးပွားရေးကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှုတွေ ကြီးထွားလာတာနဲ့အတူ လုပ်ငန်းတွေအနေနဲ့ အလုပ်သမားရှားပါးမှုတွေ၊ ငွေကြေးစီးဆင်းမှုအခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေရကြောင်း ဥက္ကဋ္ဌ ခစ်ချ်အောင်ဗိုက်တူလ်ဆထစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ထောင် သောင်းချီတဲ့ အလုပ်သမားတွေ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေဟာ အာဏာရှင်စနစ်ဆန့် ကျင်လူထုဆန္ဒပြပွဲတွေမှာ ပါဝင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

အဲဒီရဲ့ အကျိုးဆက်အနေနဲ့ တချို့သော ထိုင်းလုပ်ငန်းတွေဟာ အလုပ်သမား ရှားပါးမှုနဲ့ ငွေကြေးစီးဆင်းမှုကန့်သတ်ချက်တွေနဲ့အတူ အခြေအနေတိုးတက်ကောင်းမွန်မလာဘူးဆိုရင်တော့ လုပ်ငန်းပိတ်သိမ်းရမယ့်ထိ ဖြစ်လာနိုင်တယ်လို့ ခစ်ချ်က ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဆဌမမြောက် ရင်းနှီးမြုပ်နှံမှု အများဆုံးနိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကိန်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိ ရင်းနှီးမြုပ်နှံမှု ၅ နှစ်တာကာလအတွင်း ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၉၃၅ သန်းထိ တိုးတက်ခဲ့တယ်လို့ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေ၊ အဓိကရုဏ်းတွေနဲ့အတူ အခုနှစ်ထဲမှာ ၁၀ ရာခိုင်နှုန်း ကျုံ့လာမယ်လို့ ခန့်မှန်းထားပြီး စီး ပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လာကြမယ့် တခြားနိုင်ငံတွေရဲ့ အကျိုးသက် ရောက်မှုတွေလည်း စတင်လာလိမ့်မယ်လို့ ဆိုပါတယ်။          ဒီခန့်မှန်းချက်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ထုတ်ပြန်ချက်နဲ့ ပြောင်း ပြန်ဖြစ်နေခဲ့ပြီး အဲဒီအချိန်တုန်းကတော့ နိုင်ငံ့စီးပွားရေးဟာ ဒေသတွင်း အပြင်းထန်ဆုံး နှုန်းနဲ့ ၅ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up