ဟိုပင်မြို့၌ အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး ကျဆုံး
DVB
·
March 27, 2021
ကချင်ပြည်နယ်၊ ဟိုပင်မြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို စစ်တပ်နဲ့ရဲက ကျည်ဆန်အစစ်နဲ့ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ခဲ့တာကြောင့် လူငယ် ၁ ဦး ကျဆုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဒီနေ့မနက် ၇ နာရီခွဲခန့်မှာ ဆန္ဒပြစစ်ကြောင်းကို နန့်ရင်းဂါတ်ကုန်းလမ်းဆုံအနီးမှာ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် ဂါတ်ကုန်းလူငယ်တဦး ခါးကို ကျည်ထိမှန် ကျဆုံး ခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် အဖမ်းခံရသူ အနည်းဆုံး ၄ ဦး လောက်ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ CJ