စစ်တပ်ကပြည်သူကို ကာကွယ်စောင့်ရှောက်ရမည့်အစား ရန်ပြုတိုက်ခိုက်နေဟု ကုလ အထူးကိုယ်စားလှယ်ပြော

Security Council Considers Situation in Myanmar 5 Myanmar - Christine Schraner Burgener, Special Envoy for Myanmar

မြန်မာစစ်တပ်ဟာ  ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ရမယ့်အစား ပြည်သူတွေကို ပြန်လည်ရန်ပြုတိုက်ခိုက်နေတယ်လို့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှရာနာဘာဂီနာက မတ်လ ၂၆ ရက်မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကြောင့်  များစွာ စိုးရိမ်ပူပန်လျက် ရှိနေဆဲဖြစ်ကြောင်း၊ မနက်ဖန်ဟာ နယ်ချဲ့လက်အောက်မှ မြန်မာနိုင်ငံလွတ်မြောက်စေဖို့ ကြိုးပမ်းမှု အထိမ်းအမှတ်အဖြစ် ကျင်းပသော တပ်မတော်နေ့ဖြစ်ကြောင်း၊  မိမိတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်သူများအား ကာကွယ် စောင့်ရှောက်ရေးဟာ မည်သည့်စစ်တပ်မဆို ထမ်းဆောင်ရမည့်တာဝန်ပင်ဖြစ်ကြောင်း ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ တပ်မတော်ဟာ ပြည်သူများကို မိမိကိုယ်တိုင် ပြန်လည်ရန်ပြုတိုက်ခိုက် နေတယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ သတ်ဖြတ်ခံရသူတွေအထဲမှာ  အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ ကလေးငယ်တွေပါဝင်ကြောင်းနဲ့  လူငယ်ခေါင်းဆောင်တွေဟာ နိုင်ငံရဲ့ အနာဂတ်အတွက် အဓိကကျသူတွေဖြစ်ကာ စစ်တပ်က ဒီအနာဂတ်ကို ဖျက်ဆီးနေတယ်လို့လည်း ပြောပါတယ်။ 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံးကိုလည်း လွှတ်ပေးဖို့ အထူးကိုယ်စားလှယ်က ထပ်မံတိုက်တွန်းလိုက်ပါတယ်။  

မြန်မာနိုင်ငံမှာ နှစ်သစ်ကူးအခါသမယ သင်္ကြန်ကာလရောက်တော့မယ့်အညီ အရပ်သားအုပ်ချုပ်ရေးလက်အောက် နိုင်ငံတော်ကြီး သာယာဝပြောစည်ပင်နိုင်ရေး ပိုမိုကြီးမားတဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အခြေခံအခွင့်အရေးတွေနဲ့ ဒီမိုကရေစီ စံနှုန်းတွေကို လိုက်နာဆောင်ရွက်ဖို့လည်း အထူးကိုယ်စားလှယ်က မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။   

Photo-UN

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up