Home
မြန်မာသတင်း
မိတ္ထီလာ၌ ယောဂီ ၈၀၀ ခန့်က အရုဏ်ဦးသပိတ်ပြုလုပ် မေတ္တာပို့
DVB
·
March 26, 2021

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ  မတ်လ ၂၆ရက် ဒီနေ့မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး အရုဏ်ဦးသပိတ်ကို  ယောဂီဝတ် အင်အား ၈၀၀ လောက်နဲ့ မြို့အနှံ မေတ္တာပို့ များရွတ်ဆိုလှည့်လည် ဆန္ဒပြထုတ်ဖော်ခဲ့ကြပါတယ်။ 

မေတ္တာပို့ရွတ်ဆန္ဒပြသူတစ်ဦးက "ကျဆုံးသွားတဲ့ သူရဲကောင်းတွေ ဆန္ဒပြပြည်သူတွေ အန္တရာယ်ကင်းစေဖို့ အရုဏ်ဦးသပိတ်ကို ပုံစံတမျိုးနဲ့ ဆန္ဒပြတာပါ"လို့ ပြောပါတယ်။

မိတ္ထီလာမြို့မှာ စစ်တပ်နဲ့ရဲတွေရဲ့ အတားအဆီတွေကြောင့် ဆန္ဒပြသူတွေဟာ ပြောက်ကျား စနစ်နဲ့ အဖွဲ့ ၄ဖွဲ့ နေရာ ၄နေရာလောက်ခွဲပြီး စစ်အာဏာရှင်ဆန်ကျင်ရေး နွေဦးတော်လှန်ရေး သပိတ်တွေလုပ်နေပါတယ်။

မတ်လ ၂၅ ရက်ညကတော့ ရတနာမာန်အောင်ရပ်ကွက်နဲ့ ဝန်ဇင်းရပ်ကွက်တွေမှာ ညသပိတ်တွေ သေနတ်ပစ်ဖောင်ဖြိုခွင်းခဲ့ပါတယ်။ ဝန်ဇင်းရပ်ကွက်ထဲ စစ်တပ်နဲ့ ရဲတွေ ရောက်နေတာ အာရုံပြောင်းအောင် ဗျောက်အိုးတွေဖောက်လိုက်တဲ့ အုတ်ကျင်းရပ်ကွက်က Gen Z ၂ ဦးလည်း  အဖမ်းခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024