မိတ္ထီလာတွင် ဆိုင်ကယ် အစီး ၄၀၀ ခန့်ဖြင့် စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြ
DVB
·
March 25, 2021
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ မတ်လ ၂၅ ရက် ဒီနေ့မနက်က ဆိုင်ကယ် အစီး ၄၀၀ လူအင်အား ၁၈၀၀ လောက်နဲ့ စစ်တပ်နဲ့ရဲကို ရှောင်ကွင်းပြီး ပြောက်ကျားစနစ်နဲ့ ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြသူတစ်ဦးက "စစ်အာဏာရှင်ကို အလိုမရှိဘူး။ လူတွေသတ်နေလို့ မကျေနပ်ဘူး ဆိုတာ လက်နက်မဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြတာနဲ့ အနိုင်ယူမှာပါ"လို့ ပြောပါတယ်။
မိတ္ထီလာမှာ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြအဖွဲ့ ၃ဖွဲ့ ၄ဖွဲ့ ခွဲပြီး ဆန္ဒပြနေတာပါ။