Home
မြန်မာသတင်း
မော်လမြိုင်သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရ၊ ဖမ်းဆီးခံရသူ အများအပြား ရှိ
DVB
·
March 25, 2021
164748771_1564198427244420_7339488487430216782_n
163977158_1564198503911079_7458770930587916741_n
163830580_1564198570577739_116406402594195765_n
163465695_1564198373911092_8097370119686849521_n
162299741_1564198343911095_5453620122556726279_n

မွန်ပြည်နယ် မော်လမြိုင်က ကျောင်းသား၊ ပြည်သူပါဝင်တဲ့ ပူးပေါင်း သပိတ် စစ်ကြောင်းကို အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ အင်အား ရာချီပါတဲ့  ကျောင်းသား၊ ပြည်သူ သပိတ်စစ်ကြောင်းကို မော်လမြိုင် လမုတန်းဈေးအနီးမှာ ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။

ပူးပေါင်း သပိတ်စစ်ကြောင်း ဖြိုခွင်းရာမှာ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ အသံဗုံး၊ ရာဘာကျည်တွေအပြင် ကျည်အစစ်‌တွေသုံးပြီး ပစ်ခတ်ခဲ့တယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရသူ အများအပြား ရှိနေတဲ့အပြင် အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လမုတန်းဈေးမှာ ပိတ်ဆို့ပြီး ဆန္ဒပြပြည်သူတွေကို ဖမ်းဆီးတာတွေ ဆက်လုပ်နေပါတယ်။ ဖမ်းဆီးခံရသူ အရေအတွက်နဲ့ ဒဏ်ရာ ရသူ ရှိ မရှိကို ဒီဗွီဘီ က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024