Homeမြန်မာသတင်း
ရဲနှင့်စစ်တပ်ကဖမ်းဆီးစဉ် တိုက်ပေါ်မှပြုတ်ကျ သေဆုံးခဲ့သည့် ချင်းအမျိုးသမီး မဇွားလ်အီး၏ ဈာပန ကျင်းပ
ရဲနှင့်စစ်တပ်ကဖမ်းဆီးစဉ် တိုက်ပေါ်မှပြုတ်ကျ သေဆုံးခဲ့သည့် ချင်းအမျိုးသမီး မဇွားလ်အီး၏ ဈာပန ကျင်းပ
DVB
·
March 24, 2021
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၉၁ လမ်းက We Love Yangon အသင်းရုံးခန်းကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့၀င်တွေ ၀င်ရောက်စီးနင်းစဉ် ငါးလွှာမှပြုတ်ကျ သေဆုံးခဲ့တဲ့ မဇွားလ်အီးရဲ့ ဈာပနကို မတ်လ ၂၃ ရက် ညနေပိုင်းမှာပဲ ကလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
မဇွားအီးက အသက် ၃၅ နှစ်အရွယ် ချင်းတိုင်းရင်းသူ (မီဇိုး) အမျိုးသမီးတစ်ဦးဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကိုတော့ ကလေးမြို့ပြည်သူလူထုက ဒိုးဝိုင်းချောင်းသုဿန်ဆီ ပို့ဆောင်ဂူသွင်းပေးခဲ့ကြပါတယ်။