မြန်မာ ယူ ၂၃ တောင်ကိုရီးယား တက္ကသိုလ်အသင်းကို ရှုံးနိမ့်
DVB
·
October 23, 2013
တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိ လေ့ကျင့်နေတဲ့ မြန်မာယူ ၂၃ ဘောလုံးအသင်းဟာ အောက်တိုဘာ ၂၃ ရက်နေ့ ဒုတိယမြောက် ခြေစမ်းပွဲမှာ နမ်ဘူး တက္ကသိုလ်အသင်းကို တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။
မြန်မာအသင်းဟာ ဒီပွဲမှာ အဓိက ကစားသမား အများစုကို အနားပေးပြီး အရန်ကစားသမားတွေနဲ့ ပွဲထွက်လာတာပါ။ နမ်ဘူး တက္ကသိုလ် အသင်းအတွက် အနိုင်ဂိုးကို ၇၃ မိနစ်လောက်မှာ သွင်းယူတာလို့ ဘောလုံးအဖွဲ့ချုပ် ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။
မြန်မာယူ ၂၃ အသင်းဟာ တတိယမြောက် ခြေစမ်းပွဲ ဟိုနမ် တက္ကသိုလ်အသင်းနဲ့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။