Thursday, June 8, 2023
HomeLead Storyရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက CDM ဝန်ထမ်း ၆၃ ဦးကို တာဝန်မှ ရပ်ဆိုင်း

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက CDM ဝန်ထမ်း ၆၃ ဦးကို တာဝန်မှ ရပ်ဆိုင်း

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက CDM လုပ်နေကြတဲ့အရာထမ်း၊ အမှုထမ်း ၆၃ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းကြောင်း မတ်လ ၂၂ ရက်နေ့ရက်စွဲနဲ့ တရားမဝင်စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အဲ့ဒီ အရာထမ်း၊ အမှုထမ်း ၆၃ ဦးဟာ လုံလောက်သော အကြောင်းပြချက်မရှိပဲ တာဝန်ချိန်ပျက်ကွက်ခြင်း၊ ခွင့်စည်းကမ်းကိုဖောက်ဖျက်ပြီးခွင့်မဲ့ပျက်ကွက်နေခြင်းဆိုတဲ့ အကြောင်း ပြချက်နဲ့ တာဝန်မှရပ်ဆိုင်းတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တာဝန်မှရပ်ဆိုင်းခံရသူတွေထဲမှာ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေမှူး၊ ဦးစီးအရာရှိများ၊ ဒုဦးစီးမှူးများကနေ ရုံးအကူထိ စုစုပေါင်း ၆၃ဦးဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular