Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး ဟုမ္မလင်းညသပိတ်ကို အကြမ်းဖက်စစ်အုပ်စုက သေနတ်ပစ်ဖောက် လူစုခွဲ
DVB
·
March 23, 2021

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ မတ်လ ၂၂ည ၇ နာရီက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက သေနတ်ပစ်ဖောက် လူစုခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟုမ္မလင်းဒေသခံတဦးက “ကျနော်တို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ကိုရပ်ကွက်အလိုက်ပြုလုပ်တယ်။ အကြမ်းဖက်စစ်တပ်က သေနတ်နှစ်ချက်ဖောက်ပြီး လူစုခွဲပါတယ်။  ရပ်ကွက်က သံဗုံးတီးကြတယ်။ ဆန္ဒပြသူတွေ ရှောင်ပုန်းကြတယ်။ အထိအခိုက်ဒဏ်ရာရတာ မရှိပါဘူး” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်းရေး ညသပိတ်ကို ရပ်ကွက်တော်တော်များများမှာ ညစဉ် ပြုလုပ်နေကြတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024