Home
သတင်းဓာတ်ပုံ
မိတ္ထီလာတွင် ရဲနှင့်စစ်တပ်က ပစ်ခတ်သဖြင့် ဆန္ဒပြပြည်သူအချို့ဒဏ်ရာရ၊ ၂ ဦးအဖမ်းခံရ
DVB
·
March 22, 2021
164293357_3536482459824079_8436026364671874878_o
164189884_3536483136490678_1242705371399996425_o
164186937_3536482416490750_5500257422154689307_o
164149093_3536482583157400_2790088272750257841_o
164097135_3536482839824041_294637068182490014_o
164007316_3536482683157390_6609289661820513502_o
163983729_3536482379824087_5686156006507886034_o
163855853_3536482546490737_2704303236992287757_o
163838945_3536482933157365_7257395024874994756_o
163726071_3536483076490684_7427326753862989654_o
163705966_3536482319824093_5922916700653631374_o
163664637_3536482723157386_8251669004194482516_o
163633010_3536483489823976_3872733048542275817_o
163410639_3536482636490728_6231540019958236973_o
163397633_3536482509824074_3647339290922909285_o
163318848_3536482796490712_606327877639534609_o
163293094_3536482896490702_4456923375766696786_o
162931990_3536483419823983_5370742571939798399_o
162880628_3536482979824027_7716091946925363071_o
162849698_3536482759824049_3530465049875726454_o
162567138_3536483369823988_7286453241348613508_o
162457205_3536482273157431_7986621895794975503_o

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ မတ်လ ၂၂ ရက်မနက်က ရတနာမာန်အောင်ရပ် ရေစင်ကြီး အနီးမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ ဒေသခံပြည်သူတွေက ဆိုင်ကယ်တွေစီးပြီး ဆန္ဒပြခဲ့ရာမှာ  ရဲနဲ့စစ်တပ်က  သေနတ်နဲ့ပစ်ခတ်လို့ ပြည်သူတချို့ ဒဏ်ရာရပြီး  အမျိုးသား ၂ ဦး ဖမ်းဆီးခံလိုက်ရတယ်။ 

ဆန္ဒပြအမျိုးသားတစ်ဦးက "တမြို့လုံး စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်စစ်ကြောင်း လေး ကြောင်းလောက်ရှိတယ်။ ရဲ ၁၅ ယောက်လောက်ပါတဲ့ အရပ်ဘက်လိုက်ထရပ်ကားနဲ့  ကျနော်တို့ ဆိုင်ကယ် သပိတ်စစ်ကြောင်းထဲ အတည့်ဝင်လာတိုက်တယ်။ မိန်းကလေး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ဆိုင်ကယ်လဲကျပြီး အဖမ်းခံရတယ်။ မိန်းကလေး ၂ ဦးကိုတော့ ချက်ချင်း ပြန်လွှတ်ပေးတယ်။ လူငယ်တစ်ဦးနဲ့ ဦးလေးကြီးတစ်ဦး အဖမ်းခံရတယ်။အမည်တွေတော့ စုံစမ်းနေဆဲပါပဲ” လို့ပြောပါတယ်။

ရဲနဲ့စစ်တပ်က ဆန္ဒပြ လူအုပ်ထဲကို ရာဘာကျည်နဲ့ရော ကျည်ဆန်အစစ်တွေနဲ့ပါပစ်ခတ်ခဲ့တာ ဖြစ်ပြီး  ဆန္ဒပြသူတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ 

“သေနတ်အချက် ၂၀ လောက် ပစ်ဖောက်တယ်။ ရာဘာကျည်လည်းပါတယ်။ ကျည်အစစ်လည်းပါတယ်။ ကျည်အစစ် ကျည်ဆန်အခွံတစ်ခုလည်း ရထားတယ်။ လူအုပ်ထဲကို ရာဘာကျည်နဲ့ အတည့်ပစ်တယ်။ ကျည်အစစ်တော့မမှန်ဘူး။ ရာဘာကျည်တော့ မှန်ကြတယ်တဲ့။ ဒဏ်ရာလည်းရကြတယ်သိရတယ်။ ရဲတွေလာပြီးမှ နောက်ထပ် စစ်ကားတွေ ရဲကားတွေ ရောက်လာပြီး သေနတ်နဲ့ ပစ်တာပါ"လို့ ဒီဗွီဘီကို ပြောပါတယ်။

မိတ္ထီလာမှာမနေ့ညက ညသပိတ်  ဒီနေ့မနက် အရုဏ်ဦးသပိတ်နဲ့ မနက် ၁၁ နာရီလောက်မှာ မနက်သပိတ် လုပ်ခဲ့တာပါ။ 

အဖြိုခွဲခံရတဲ့ သပိတ်စစ်ကြောင်းက  ဆိုင်ကယ် အစီး ၅၀၀ ကျော် လူအင်အား ၁၀၀၀ကျော်ရှိပြီး ကျန်သပိတ် စစ်ကြောင်း ၃ ကြောင်းကလည်း လူအင်အား ၁၀၀၀ကျော် ရှိတာကြောင့် ယနေ့အင်အား ၅၀၀၀ကျော်လောက် စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြတယ် သိရပါတယ်။

မိတ္ထီလာမှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း သေနတ် အချက် ၂၀လောက်ပစ်ဖောက်ပြီး သပိတ်စစ်ကြောင်းကို လူစုခွဲခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024