Home
မြန်မာသတင်း
သာစည်တွင် CDM မလုပ်ဘဲ ရုံးခိုးတက်နေသည့် ပညာရေးဝန်ထမ်းအချို့အား သံချပ်များဖြင့် နိုးဆော် ဆန္ဒပြ
DVB
·
March 22, 2021
162658125_3536452049827120_8461465405983649132_n
162521523_3536451946493797_4203790023991180386_n
161968964_3536451866493805_6037401903098738811_n
161019848_3536451889827136_8055196808477778762_n
160796895_3536451986493793_3230367343483516589_n

    မန္တလေးတိုင်း သာစည်မြို့မှာ မတ်လ ၂၂ ရက်မနက်က CDM မလုပ်ပဲ ရုံးခိုးတက်နေတဲ့ ပညာရေးဝန်ထမ်းအချို့အား မြို့နယ်ပညာရေးမှူးရုံးရှေ့မှာ အင်အား ၁၅၀၀ လောက်က သံချပ်တွေနဲ့ ဟစ်အော်နိုးဆော်ပြီး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

"စစ်အာဏာရှင်ပြုတ်ကျဖို့က ဝန်ထမ်းတွေက အဓိကပါ။ အခုအခြေအနေက စစ်အာဏာရှင်တွေ ဘာမှလုပ်မရတော့ဘူး။ အဆုံးသတ်တိုက်ပွဲ ရောက်နေပါပြီ။ ရုံးခိုးမတက်စေချင်ဘူး၊ အသက်ပေးနေတဲ့လူငယ်တွေကို အားနာပေးပါ။ စစ်အာဏာရှင်က အခုတောင် လူမဆန်တဲ့လုပ်ရပ်တွေနဲ့ ရက်ရက်စက်စက်နှိပ်ကွပ်နေတာ နောက်ဒီထက်ပိုဆိုးမယ် ဆိုတာ သိထားရမယ်" လို့ ဆန္ဒပြသူတဦးက DVB ကို ပြောပါတယ်။

သာစည်မှာ မတ်လ ၉ ရက်နေ့ ဆန္ဒပြပွဲကို အကြမ်းဖက်စစ်အုပ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ရင်ဘတ်မှာ ကျည်ဆန်မှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအခြေအနေတွေကို မကြောက်မရွံ့ဘဲ ဆက်ဘက်ဆန္ဒပြလာတာ ၄၃ ရက်မြောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024