Home
မြန်မာသတင်း
စခန်းဝင်စီးမည့်သတင်းကြောင့် နဘားရဲတပ်သားများ ရဲကင်းစခန်းကိုစွန့်ခွာ
DVB
·
March 22, 2021

ရဲစခန်းဝင်စီးမယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားရဲကင်းစခန်းက ရဲတပ်သားတွေနဲ့ သူတို့ရဲ့မိသားစုတွေအပါအဝင် ၁၅ ဦးလောက် မတ်၂၂ ရက်နေ့က စခန်းကို စွန့်ခွာပြီး အင်းတော်မြို့မရဲစခန်းမှာ သွားရောက်ပူးပေါင်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကသာခရိုင်အတွင်းက ကောလင်းမြို့နယ်၊ ခံသာရဲကင်းစခန်းကို ဒေသခံတွေ သွားရောက်ဝိုင်းတာမျိုးတွေလည်းရှိခဲ့ပြီး ရဲတစ်ချို့ ဒဏ်ရာရတာတွေရှိတဲ့အတွက် စခန်းစွန့်ခွာဖို့ တောင်းဆိုမှုတွေရှိခဲ့တာလို့ ဆိုပါတယ်။

အလားတူ ပုလဲမြို့နယ်က ချင်ပြစ်ရဲကင်းစခန်း၊ လဲကန်နယ်မြေစခန်း၊ ကန့်ဒေါင့်နယ်မြေ စခန်း၊ ကနီမြို့နယ်အတွင်းက ကင်း၊ လာပို့၊ နတ်လာဘို့ စတဲ့ရဲကင်းစခန်းတွေကလည်း ရဲမရှိတော့ဘဲ စခန်းစွန့်ခွာမှုတွေရှိနေတယ်လို့ အဆိုပါဒေသခံတွေက ပြောပါတယ်။ 

လိုင်းခန်းတွေမှာ လူမရှိတော့ဘဲ မိသားစုလိုက်ပြောင်းကြတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

CDM လုပ်တဲ့ ရဲတွေလည်း စစ်ကိုင်းတိုင်းအတွင်းမှာ တော်တော်များများရှိနေပြီး ရဲအင်အားလည်း နည်းပါးလာနေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024