DVB
နိုင်ငံ့ဝန်ထမ်းအားလုံးအနေနဲ့ ပြည်သူနဲ့ အချိန်မီ ရပ်တည်ပြီး အကြမ်းမဖက် ပြည်သူ့အာဏာ ဖီဆန်မှု CDM မှာ ပါဝင်ကြဖို့နဲ့ မပါဝင်တဲ့ Non CDM ဝန်ထမ်းတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က သတိပေးလိုက်ပါတယ်။
လက်ရှိအချိန်မှာ တိုင်းပြည်အာဏာကို လူတစ်စုက လက်နက်အားကိုးနဲံ ပုန်ကန်သိမ်းပိုက်ထားတာကို နိုင်ငံ့ဝန်ထမ်းတွေဟာ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM နဲ့ ဆန့်ကျင်တော်လှန်နေကြတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာတော့ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM တံခါးကို ခြွင်းချက်မရှိ ပိတ်သိမ်းမယ်လို့လည်း CRPH က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
CDM မှာ ပါဝင်ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို CDM နဲ့ သက်ဆိုင်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်တွေ ချီးမြှင့်သွားမှာဖြစ်သလို မပါဝင်ကြတဲ့ အကြမ်းဖက်အုပ်စုအားပေး လက်ပါးစေ Non CDM ဝန်ထမ်းတွေကိုလည်း ထိရောက်စွာအပြစ်ပေးအရေးယူသွားမယ်လို့ ဆိုပါတယ်။
ပြည်သူနဲ့အတူ သစ္စာရှိရှိ ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့သော နိုင်ငံ့ဝန်ထမ်းတွေကို ဦးဆောင်မှုကဏ္ဍမှာ ဂုဏ်ပြု တာဝန်ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်မှု ယန္တရားသစ်ကိုလည်း တည်ဆောက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအကြောင့် နိုင်ငံ့ဝန်ထမ်းအားလုံးအနေနဲ့ ပြည်သူနဲ့အတူ အချိန်မီ ရပ်တည်ပြီး အကြမ်းမဖက် ပြည်သူ့အာဏာ ဖီဆန်မှု (CDM) တွင် ပါဝင်ကြဖို့ နောက်ဆုံးထားတိုက်တွန်းထားပါတယ်။