Thursday, June 8, 2023
HomeLead StoryR2P ဝင်ရောက်ရန်အကျုံးဝင်သည့် ရာဇဝတ်မှု ၄ မျိုးစလုံး အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေ

R2P ဝင်ရောက်ရန်အကျုံးဝင်သည့် ရာဇဝတ်မှု ၄ မျိုးစလုံး အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေ

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေဟာ  R2P ဝင်ရောက်ဖို့ သတ်မှတ်ထားတဲ့ အချက် ၄ ချက်စလုံးနဲ့ အကျုံးဝင်နေတာကြောင့် R2P ဝင်ရောက်နိုင်တယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေအမှတ် ၁၁ ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ လူသားမဆန်တဲ့အနေအထား ဖြစ်နေသလို နိုင်ငံတကာရဲ့ အကာအကွယ်ပေးရန်တာဝန်ရှိမှု  R2P အရ ဝင်ရောက်အရေးယူနိုင်တဲ့ သတ်မှတ်ချက် ၄ ခုစလုံးကို ကျူးလွန်နေတာကြောင့် R2Pနဲ့ဝင်ရောက်နိုင်တဲ့အနေအထားရှိပြီး ဘယ်အချိန်ဝင်မလဲဆိုတာကိုတော့ ပြောလို့မရနိုင်သေးဘူးလို့ ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို အစိုးရတရပ်အနေနဲ့ လက်ရှိအချိန်အထိ အသိအမှတ်ပြုတာမရှိသလို သံတမန်ရေးနည်းလမ်း၊ စီးပွားရေးနည်းလမ်းနဲ့ ဖိအားပေးတာရှိ​နေပြီး ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုအပေါ် ထိန်းသိမ်းတာတွေကြောင့် အများကြီး တိုးတက်မှုရှိတယ်လို့ ပြောပါတယ်။ 

ဒီမိုကရေစီပြန်လည်ရရှိဖို့ကတော့ နိုင်ငံတကာရဲ့လုပ်ဆောင်မှုနဲ့ ဖိအားထက် ပြည်တွင်းက ပြည်သူတွေရဲ့လုပ်ဆောင်မှုအားက ပိုအရေးကြီးတယ်လို့ ဦးဘမျိုးသိန်းက သုံးသပ်ပါတယ်။

R2P ဝင်ရောက်ဖို့ ကုလသမဂ္ဂမှာ ဗီတိုအာဏာရထားတဲ့ တရုတ်နဲ့ရုရှားက ကန့်ကွက်နိုင်ပေမယ့် ဒီအချက်တွေကိုကျော်လွန်ပြီး လုပ်နိုင်မယ့်နည်းလမ်းတွေရှိတယ်လို့လည်း ပြောပါတယ် ။ 

R2Pလိုကြီးမားတဲ့နိုင်ငံတကာဖိအားရှိမှ ဒီမိုကရေစီပြန်လည်ရရှိဖို့ အမြန်ဆုံးလုပ်ဆောင်နိုင်မှာ ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေအပေါ် သံအမတ်ကြီးဦးကျော်မိုးထွန်း တို့လုပ်ဆောင်နေတဲ့ နိုင်ငံတကာတရားရုံးကို ရောက်ရှိရေးကိစ္စက လည်း အရေးကြီးတဲ့အချက်တခုလို့ ဦးဘမျိုးသိန်းက ပြောပါတယ်။

နိုင်ငံတနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို အောက်ပါ ရာဇဝတ်မှု ၄  မျိုး ကျူးလွန်နေတာကနေ မကာကွယ်ပေးနိုင်ရင် R2P နဲ့ အကျုံးဝင်တယ်လို့သတ်မှတ်ထားတာပါ။  ရာဇဝတ်မှု ၄ မျိုးကတော့ လူမျိုးတုံး သတ်ဖြတ်မှု (Genocides)၊  စစ်ရာဇဝတ်မှု (War Crimes)၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူမျိုးစုတစု လူမျိုးစုပျောက်ကွယ်အောင် သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှု (Ethnic Cleansing) ကျူးလွန်တာတို့ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular