Miss Grand International ပြိုင်ပွဲဝင် အလှမယ် ၂ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ Miss Grand International အလှမယ်ပြိုင်ပွဲမှာ ပြိုင်ပွဲ ဝင် အလှမယ် ၂ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြီး ဆေးကုသမှု ဆက်လက်ခံယူ နေတယ်လို့ သိရပါတယ်။

       ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ အလှမယ် ၂ ဦးကတော့ နိုင်ဂျီးရီးယားနဲ့ ကင်ညာ နိုင်ငံတွေကဖြစ်ကာ ကျန်တဲ့အလှမယ်တွေမှာတော့ ရောဂါကူးစက်ခံထားရတာ မရှိဘူး လို့ ဆိုပါတယ်။

       ဒီပြိုင်ပွဲကို အစပိုင်းတုန်းကတော့ ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပဖို့ ကြေညာခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ထိုင်းနိုင်ငံမှာ ကျင်းပဖို့ ဖြစ်လာခဲ့တာပါ။

ဒီကနေ့မှာတော့ ကျန်တဲ့ ပြိုင်ပွဲဝင် အလှမယ်တွေဟာ ဘန်ကောက်မြို့ရဲ့ နာမည် ကျော် ကျောက်စိမ်းဘုရားနဲ့ တော်ဝင်နန်းတော်ကို သွားရောက်ခဲ့ကြတာကို တွေ့ရပါ တယ်။

       ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ်ဟန်လေးက ဝင်ရောက်ယှဉ် ပြိုင်နေတာ ဖြစ်ပါတယ်။

    အလှမယ် ဟန်လေးဟာ မယ်စကြဝဠာ မြန်မာ ၂၀၂၀ အလှမယ်ပြိုင်ပွဲမှာ 1st Runner Up ဆုရရှိခဲ့တဲ့အတွက် Miss Grand International ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

    လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ဖိုင်နယ်ပြိုင်ပွဲအနေနဲ့ ကျင်းပမယ့် ဒီပြိုင်ပွဲကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး တခြားကမ္ဘာ့နိုင်ငံတွေက အလှမယ် ၆၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

       လတ်တလောမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ အလှမယ် ၂ ဦးဟာ ဘန်ကောက်မြို့၊ ပီရာဝေ့ဂျ်ဆေးရုံမှာ လိုအပ်တဲ့ ဆေးကုသမှုတွေ ခံယူနေတယ်လို့ ပွဲကျင်းပသူ တွေက ပြောပါတယ်။

       ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၇,၅၉၄ ဦးနဲ့ သေဆုံးသူ ၉၀ ဦးထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up