Homeမြန်မာသတင်း
မြင်းခြံတွင် မတ် ၁၅ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့၏ ပစ်ခတ်ခံခဲ့ရသူ ၁ ဦး ယနေ့ ကျဆုံး
မြင်းခြံတွင် မတ် ၁၅ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့၏ ပစ်ခတ်ခံခဲ့ရသူ ၁ ဦး ယနေ့ ကျဆုံး
DVB
·
March 19, 2021

မြင်းခြံမြို့မှာ မတ်လ ၁၅ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်စစ်တပ်နဲ့ရဲက ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းရာမှာ ကျည်ထိမှန်ပြီး ဆေးကုသနေသူ ၁ ဦး ဒီကနေ့ ကျဆုံးသွားတယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ် ကိုအောင်ကိုကိုခန့်ဟာ မျက်နှာကို ကျည်ထိမှန်ခဲ့ပြီး ပြင်းထန်ဒဏ်ရာရကာ ဒီနေ့ နေ့လယ်ပိုင်းမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် မတ်လ ၁၅ ရက်နေ့က မြင်းခြံမြို့မှာ ဆန္ဒပြပြည်သူ ၆ ယောက် ကျဆုံးခဲ့ပြီး ဒီနေ့အချိန်ထိ ၉ ယောက် ကျဆုံးခဲ့ပါတယ်။