မန္တလေးက CDM မီးရထားဝန်ထမ်းများ မတ် ၂၂ ရက်နေ့ အလုပ်ပြန်ဝင်ဖို့နဲ့ အလုပ်မဝင်ပါက ဝန်ထမ်းလိုင်းခန်းကနေ ဖယ်ရှားမယ်ဆိုပြီး အမိန့်စာကပ်ထားတယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။
မတ်လ ၂၂ ရက်နေ့မှာ အလုပ်ပြန်မဝင်ပါက လပ်ရှိနေထိုင်နေကြတဲ့ ဝန်ထမ်းလိုင်းခန်းကနေ ဖယ်ရှားကြဖို့နဲ့ မဖယ်ရှားပါက အင်အားသုံးဖယ်ရှားမယ်လို့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
မန္တလေးမြို့မှာ မီးရထားဝန်ထမ်းတွေနေထိုင်တဲ့ တိုက်ခန်းတွဲနေရာ သုံးနေရာလောက် ရှိတယ်လို့ သိရပါတယ်။
၇၇လမ်းနဲ့ ၇၈ လမ်းကြားက မီးရထားတိုက်ခန်းတွေကိုတော့ ဟေမာဇလရပ်ကွက်က ယခင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်ဖေက လာရောက်ပြီး အမိန့်စာ ကပ်သွားတယ်လို့ သိရပါတယ်။
မန္တလေးမြို့က မီးရထားဝန်ထမ်းအားလုံးနီးပါး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်နေတာဖြစ်ပြီး နေထိုင်ရာ တိုက်ခန်းတွေကနေ ဖယ်ရှားပေးရမယ်ဆိုပါက ဝမ်းထမ်းမိသားစု ထောင်နဲ့ချီ နေထိုင်ဖို့ အခက်အခဲ ဖြစ်နိုင်တယ်လို့ သိရပါတယ်။